“၂၀၂၁ ခုနှစ်၊ နိုင်ငံတကာ ပညာရေးနေ့”
၂၀၂၁ ခုနှစ်၊ နိုင်ငံတကာ ပညာရေးနေ့
feel free to call us (951) 655272, 655282 contact@htoofoundation.org
Want create site? Find Free WordPress Themes and plugins.
နိုင်ငံတကာ ပညာရေးအဆင့် မြင့်မားပြီး ခိုင်မာတိုးတက်ဖွံ့ဖြိုးသော အနာဂတ်တွင် ပညာရေးကဏ္ဍ၏ အရေးကြီးပုံကို အသိအမှတ်ပြုရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်မှ စတင်၍ နှစ်စဉ် ဇန်နဝါရီလ ၂၄ ရက်နေ့ကို နိုင်ငံတကာ ပညာရေးနေ့ (International Day of Education) အဖြစ် သတ်မှတ်ကျင်းပခဲ့ကြသည်မှာ ယခုနှစ်တွင် ၃ နှစ် ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါသည်။
ထူးဖောင်ဒေးရှင်းမှ ယနေ့ ကျရောက်သော နိုင်ငံတကာ ပညာရေးနေ့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပြီး တောက်ပသော အနာဂတ်တွင် ကလေးငယ်လေးများ ပိုမိုကောင်းမွန်သော အဆင့်မြင့် ပညာရေးကို တက်လှမ်းနိုင်စေဖို့ ဆန္ဒပြုဆုတောင်းပါသည်။
ထူးဖောင်ဒေးရှင်း စတင် တည်ထောင်သည့် အချိန်မှစ၍ ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပေးလျှက်ရှိပြီး အထူးအားဖြင့် ဝေးလံခေါင်းဖျားသော ဖွံ့ဖြိုးဆဲနေရာများရှိ ဒေသခံများ၏ ပညာရေးနှင့်လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ထူးဖောင်ဒေးရှင်းပညာဒါန (တက္ကသိုလ်ဝင်တန်း) ဘော်ဒါဆောင်ကို ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၁၂ ခုနှစ်က စတင် တည်ထောင်ခဲ့ရာ ဒေသခံကျောင်းသား စုစုပေါင်း (၃၀၀)ဦးခန့်ကို ပညာသင်ကြား ထောက်ပံ့မှုပေးနိုင်ခဲ့ပြီး အောက်ပါအတိုင်း နှစ်စဉ်အောင်ချက် ရာခိုင်နှုန်းများ တိုးတက်ခဲ့ပါသည်။
၂၀၁၂ – ၂၀၁၃ ပညာသင်နှစ် – ၂.၁၇%
၂၀၁၃ – ၂၀၁၄ ပညာသင်နှစ် – ၃၁.၆၃%
၂၀၁၄ – ၂၀၁၅ ပညာသင်နှစ် – ၈၃.၇၂%
၂၀၁၅ – ၂၀၁၆ ပညာသင်နှစ် – ၇၃.၀၄%
၂၀၁၆ – ၂၀၁၇ ပညာသင်နှစ် – ၈၆.၂၅%
၂၀၁၇ – ၂၀၁၈ ပညာသင်နှစ် – ၈၆.၉%
၂၀၁၈ – ၂၀၁၉ ပညာသင်နှစ် – ၈၁.၄၄%
၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် – ၇၄.၃၄%
ဆက်လက်၍လည်း နိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးဖောင်ဒေးရှင်းအနေနှင့် တတ်အားသရေွ့ ပါဝင်ကူညီ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
Did you find apk for android? You can find new Free Android Games and apps.
Related Articles
-
Donation Of Overhead And Ground Water Tanks To Yangon Workers Hospital
HTOO Foundation Media, , Uncategorized, 0
Htoo Foundation donated a 12,000 gallon overhead and 22,000 gallon ground water tanks to Yangon Worker's Hospital in a...
-
Donation Of Medical Assistance To Villages
HTOO Foundation Media, , Uncategorized, 0
Itself in only one out of ten cases through the formation of lip blisters or cold sores typical for...
-
Hygiene and Psycho Social Approach
HTOO Foundation Media, , Regional Development, Uncategorized, 0
While providing aid and donation to education and health institutions within the Republic of the Union of Myanmar, Htoo...