Home Our Programmes Social Welfare Donation For Athletes (SEA Games)
Donation For Athletes (SEA Games) PDF Print

sea_games_donation

(၂၀၁၃) ခုနှစ်၊ ဒီဇင်ဘာလတွင် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကိုမြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည်ဖြစ်ပါသည်။  အဆိုပါ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင်ဝင်ရောက် ယှဉ်ပြိုင်မည့်ပြေးခုန်ပစ် အားကစားအောင်နိုင်ရေးအတွက်အဘက်ဘက်တွင် လိုအပ်သည်များ အသုံးပြု နိုင်ရန်အတွက်ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၁)ရက်နေ့ ညနေ (၃) နာရီတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ YUFC အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံပြေးခုန်ပစ်အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးမင်းသိန်းမှ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများနှင့် ပတ်သက်သည်များ၊ ၂၀၀၄ ခုနှစ်မှစ၍ပြေးခုန်ပစ် အားကစားပိုမိုအောင်မြင်တိုးတက်စေရန် ထူးကုမ္ပဏီမှယနေ့ထိငွေအား၊ လူအား၊ ပစ္စည်းအားဖြင့် ကိစ္စရပ်များအားလုံးတွင် ကူညီထောက်ပံ့ခဲ့ သည်များ၊အောင်မြင်မှုရရှိခဲ့ သည်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ အမှာစကားပြောကြားပေးခဲ့ပါသည်။

ထို့ နောက် အစီအစဉ်အရထူးဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာဒေါ်ယမင်းလွင်က အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်ပြေးခုန်ပစ်အားကစားနှင့် ပတ်သက်သည့် ကိစ္စအ၀၀တွင် အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်သို့ ထောက်ပံ့ငွေကျပ်သိန်း (၁,၀၀၀)ကိုပေးအပ်လှူဒါန်းရာ ဒုတိယဥက္ကဋ္ဌ ဦးစံထွန်းမှ လက်ခံရယူခဲ့ပါသည်။

၎င်းနောက် AGD Bank မှ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာဦးသက်လွင်ရွှေမှ နည်းပြများနှင့်လက်ရွေးစင် အားကစားသမားများအတွက်လေ့ကျင့်ရေးဝတ်စုံများ၊ ဖိနပ်များကိုပေးအပ်လှူဒါန်းခဲ့ရာ အဖွဲ့ချုပ်နည်းပြ ဦးထွန်းမြင့် နှင့် အားကစားတစ်ဦးမှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံပြေးခုန်ပစ်အားကစား အောင်နိုင်ရေးကော်မတီမှလည်း စခန်းသွင်းလေ့ကျင့်နေကြသည့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်၏ နည်းပြများ နှင့် လက်ရွေးစင်အားကစားသမားများအတွက် ထောက်ပံ့ငွေများ ကိုပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။



 

Website Viewer Count :Htoo Foundation