တတိယအကြိမ် စက္ခုအလင်းပေးအပ်ပွဲ

Want create site? Find Free WordPress Themes and plugins.

သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့နှင့် ထူးဖောင်ဒေးရှင်းတို့မှပူးပေါင်း၍ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း မျက်စိဝေဒနာရှင်များအား တတိယအကြိမ်မြောက်ဆေးကုသပေးခြင်းအစီအစဉ်ကို (၁၀.၇.၁၃)ရက်နေ့မှ (၁၃.၇.၁၃) ရက်နေ့အထိ ပူတာအိုခရိုင်ဆေး ရုံတွင် ဆောင်ရွက်ပေးခဲ့ကြပါသည်။  ဝေးလံခေါင်ဖျားဒေသများမှ ဆေးဝါးကုသရန်အခက်အခဲရှိသည့် မျက်စိဝေဒနာရှင်များကို သက်ဆိုင်ရာဒေသ တာဝန်ရှိသူများ အကူအညီဖြင့် ထူးဖောင်ဒေးရှင်းမှလိုအပ်သည်များကိုပံ့ပိုးပေးခဲ့ပြီး သီတဂူအပြည်ပြည်ဆိုင်ရာဗုဒ္ဓသာသ နာပြုအဖွဲ့မှ မျက်စိအထူးကုဆရာဝန်ကြီးများ၏ ကုသမှုဖြင့် ယခုတတိယအကြိမ်တွင် ပူတာအိုခရိုင်အတွင်း ရှိမြို့နယ်(၆)ခုတို့မှ မျက်စိဝေဒနာရှင်ပေါင်း (၉၇၁) ဦးကို လိုအပ်သော ဆေးဝါးကုသမှုများပေးနိုင်ခဲ့ပြီး ၊မျက်စိဝေဒနာရှင် ၁၂၅ ဦးတို့ကို ခွဲစိပ်ကုသပေးနိုင်ခဲ့ပါသည်။

ပထမအကြိမ်ကို ၂၀၁၁ခုနှစ် ၊နိုဝင်ဘာလတွင်ပြုလုပ်ပေးခဲ့ပြီး မျက်စိဝေဒနာရှင် (၈၀၀)ကျော်ကိုကုသပေးနိုင်ခဲ့ကာ ဝေဒနာရှင် (၉၂)ဦးကိုခွဲစိပ်ကုသပေးနိုင်ခဲ့ပြီး၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၂ခုနှစ်၊အောက်တိုဘာလတွင်ပြုလုပ်ခဲ့ကာ မျက်စိဝေဒနာရှင် (၁၀၇၆)ဦးကိုကုသ ပေးနိုင်ခဲ့ပြီး ဝေဒနာရှင် (၁၄၈)ဦးကိုခွဲစိပ်ကုသပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ မျက်စိဝေဒနာရှင်များသည် ပူတာအိုခရိုင်အတွင်းကားလမ်းမပေါက်သော ကျေးရွာများမှလမ်းလျောက်လာကာ ဆေးဝါးကုသကြပြီး ထူးဖောင်ဒေးရှင်းမှ မော်တော်ဆိုင်ကယ် သွားလာ၍ရသည့်နေရာများမှစတင်ကာ ကြို၊ပို့ယာဉ်များစီစဉ်ပေးခဲ့ကြ ပါသည်။ မျက်စိဝေဒနာရှင်များအတွက် မနက်၊နေ့လည်စာဒန်ပေါက် နှင့်ညစာထမင်းဗူး များအပါအဝင် အခြားလိုအပ်ချက်အားလုံးကို ပါဖြည့်ဆည်းပေးခဲ့နိုင်ခဲ့ပါသည်။ အချို့ဝေဒနာရှင်များမှာ သားထောက်သမီးခံ မရှိခြင်း၊ သွားလာ၍ ခက်ခဲခြင်းတို့ကြောင့် လူနာတစ်ဦးတည်းလာရောက်ဆေးကုသခံယူခဲ့ကြပါသည်။ အဆိုပါဝေဒနာရှင်များအား ထူးဖောင်ဒေးရှင်းမှဝန်ထမ်းများက လိုအပ်သည့်ကူညီစောင့်ရှောက်မှုများပေးခဲ့ပြီး အိမ်အပြန်အတွက် သက်တောင့်သက်သာဖြစ်နိုင်စေရန်ကိုပါ စီစဉ်ပေးနိုင်ခဲ့ပါသည်။

သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ကြီးမှ မျက်စိအထူးကုဆရာဝန်များ၏ မငြီးမငြူစစ်ဆေးကုသမှုများနှင့် သူနာပြုဝန်ထမ်းများ ကိုစေတနာနှင့်စောင့်ရှောက်မှုများကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ ထူးဖောင်ဒေးရှင်းအနေဖြင့် တတိယအကြိမ်မျက်စိဝေဒနာရှင်များအား ကုသပေးခဲ့ခြင်းအား ဝမ်းမြောက်ပီတိဖြစ်ရသကဲ့သို့ လိုအပ်သော ဆေးဝါးများမှစ၍ ခွဲစိပ်ခန်းသုံးပစ္စည်းများ၊ စားစရာပစ္စည်းများသယ်ဆောင်ရာတွင် ကူညီဆောင်ရွက် ပေးခဲ့ကြသော Air Bagan လေကြောင်းလိုင်း၊ Asian Wings လေကြောင်းလိုင်း၊ တည်းခိုနေထိုင်နိုင်ရန်အတွက် ကူညီပေးခဲ့ကြသော Aureum Palace Hotel ၊ နှင့် Malikha Lodge Hotel ၊ အခြားလိုအပ်သည်များကိုပံ့ပိုးကူညီခဲ့ကြသော Htoo Group Of Companies နှင့် AGD Bank တို့ကိုလည်းအထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။ ထို့အပြင်မျက်စိဆေးကုသခြင်းအစီအစဉ်အတွက်ကျပ်သိန်း (၅၀) လာရောက်လှူဒါန်းပေးပါသော ဦးစိန်ဦးမိသားစုနှင့် ထူးဖောင်ဒေးရှင်း Facebook မှတဆင့်ဆက်သွယ်ကာ အလှူငွေကျပ် (၅၀၀၀၀)စီလာရောက်လှူဒါန်းပေးသော (ဦးကျော်မင်း) + ဒေါ်မြင့်မြင့်သန်းမိသားစု နှင့် ဦးအောင်ထွန်း(ညွှန်/မှူး (ငြိမ်း) ၊အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန) + ဒေါ်နီလာမင်း မိသားစုတို့ကိုလည်းကျေးဇူးတင်ရှိပါသည်။

Did you find apk for android? You can find new Free Android Games and apps.
0 Comments

Leave a reply

Your email address will not be published.

*

ဆက်သွယ်ရန်

သိရှိလိုသည်များ မေးမြန်းနိုင်ပါသည်။ အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးပါမည်။ ကျေးဇူးတင်ပါသည်။

Sending

Log in with your credentials

Forgot your details?