မဟာစင်ဆိုင်ကလုန်းမုန်တိုင်းအကြိုပြင်ဆင်မှုများ

Want create site? Find Free WordPress Themes and plugins.

Mahasen Cyclone မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် Htoo Group of Companies မှတာဝန်ရှိသူများ၊ AirBagan လေကြောင်းလိုင်း၊ AGD Bank ၊ Aureum Palace Hotel, Htoo Construction၊ Yangon Airport Group (YAG)နဲ့ Htoo Foundation အဖွဲ့ဝင်တွေ တက်ကြွစွာ ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

လေကြောင်းလိုင်းနဲ့ သယ်ယူပို့ဆောင်ရေးကိစ္စတွေအတွက် Air Bagan မှ လေယာဉ်များ၊ Yangon Airport Group မှ ရဟတ်ယာဉ်များ၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ သက်ကယ်အင်္ကျီ၊ GPS, Camera, စတဲ့ နည်းပညာအထောက်အပံ့ပစ္စည်းများ ထောက်ပံ့နိုင်ရန်စီစဉ်ခြင်း၊ အရေးပေါ်အစားအသောက်များ၊ ရိက္ခာခြောက်များ၊ ဆေးဝါးနဲ့ အထောက်အပံ့များ၊ Rescue Camp များစီစဉ်ခြင်းတို့အတွက် တာဝန်များ ချထားပေးခဲ့ပါတယ်။ Operation base ကို စစ်တွေနဲ့ သံတွဲမြို့တွေမှာ ပြုလုပ်သွားဖို့ အကြမ်းအားဖြင့် သတ်မှတ်ထားပါတယ်။

Frist aid kit များ စီစဉ်ခြင်း၊ ဆေးဝါးကုသရန် ဆရာဝန်အဖွဲ့များ ပြင်ဆင်ထားခြင်း၊ ရိက္ခာခြောက်များ စီစဉ်ထားရှိခြင်း၊ မြွေဆိပ်ဖြေဆေးများ အသက်ကယ်ဆေးများ စုစောင်းခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် Mobile Camp များကိုလည်း စုစောင်းပြင်ဆင်ထားရှိပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ဘေးကင်းလုံခြုံပါစေကြောင်း ထူးဖောင်ဒေးရှင်းမှ ဆုတောင်းအပ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
0 Comments

Leave a reply

Your email address will not be published.

*

ဆက်သွယ်ရန်

သိရှိလိုသည်များ မေးမြန်းနိုင်ပါသည်။ အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးပါမည်။ ကျေးဇူးတင်ပါသည်။

Sending

Log in with your credentials

Forgot your details?