သီတဂူနှင့် ထူးဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ပူတာအိုမြို့ရှိ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိစမ်းသပ်ကုသမှု အစီအစဉ်

Want create site? Find Free WordPress Themes and plugins.

သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့နှင့် ထူးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ပူတာအိုမြို့ရှိ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိစမ်းသပ်ကုသပေးခြင်းအစီအစဉ်ကို (၅.၁၁.၂၀၁၁)ရက်နေ့မှ (၇.၁၁.၂၀၁၂) ရက်နေ့အထိပူတာအိုမြို့၊ ခရိုင်ပြည်သူ့ဆေးရုံတွင် ပြုလုပ်ပေးခဲ့ပါသည်။သီတဂူအဖွဲ့နှင့် ထူးဖောင်ဒေးရှင်းတို့၏ ရှေ့ပြေးအဖွဲ့များကို ပူတာအိုသို့ ကြိုတင်စေလွှတ်ထားပြီး ဆရာတော်နှင့် အခြားအဖွဲ့ဝင်တို့သည် (၅.၁၁.၂၀၁၂) ရက်နေ့တွင် ပူတာအိုသို့လေယာဉ်ဖြင့် သွားရောက်ခဲ့ပါသည်။ လေယာဉ်ခရီးစဉ်အစအဆုံးအား အဲပုဂံလေကြောင်းလိုင်းမှ ကုသိုလ်ပြုခဲ့ပါသည်။ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့မှ သီတဂူဆရာတော်ကြီးနှင့် ပြည်တွင်းပြည်ပမှဆရာဝန်၊ ဆရာမကြီး(၉)ဦး သူနာပြုနှင့် အကူလုပ်အားပေး(၁၄)ဦး၊ ပူတာအိုခရိုင်ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီး နှင့် တကွ ဆရာဝန်၊ ဆရာမ(၃၉)ဦး၊ ထူးဖောင်ဒေးရှင်းအဖွဲ့နှင့် MRTV -4 အဖွဲ့တို့ပူးပေါင်းပါဝင် လုပ်အားပေးခဲ့ပါသည်။ ပူတာအိုမြို့ပေါ်အနီး အနားကျေးရွာ များနှင့်ဝေးလံသောကျေး ရွာများမှ မျက်စိဝေဒနာရှင်ပေါင်း (၈၀၀)ကျော်ကို စမ်းသပ်ကုသဆေးပေးမှုများပြုလုပ်ပေးခဲ့ပြီး ခွဲစိတ် ကုသခဲ့သော ဝေဒနာရှင်ပေါင်း (၉၂) ဦးကို စက္ခုအလင်းပေးအပ်နိုင်ခဲ့ပါသည်။ သီတဂူဆရာတော် ကြီးနှင့် အဖွဲ့သားများနေထိုင် စားသောက်မှုနှင့် သွားလာရေးအဆင်ပြေချောမွေ့မှု ရှိစေရန်မူလာရှီးဒီကျေးရွာရှိ မလိခဟိုတယ်တွင် ထူးဖောင်ဒေးရှင်းမှ စီစဉ်ပေးခဲ့ပါသည်။ ဆရာတော်ကြီးနှင့် တကွအဖွဲ့သားများ အားလုံး (၈.၁၁.၂၀၁၁)ရက်နေ့တွင် ရန်ကုန်မြို့သို့ပြန် လည်ရောက်ရှိခဲ့ပါသည်။ပူတာအိုမြို့ရှိ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိစမ်းသပ်ကုသပေးမှု အစီအစဉ် တွင် ပြည်တွင်း ပြည်ပမှ ဆရာဝန်၊ဆရာမကြီး များပါဝင်ကုသိုလ်ပြုခဲ့ကြပါသည်။ ထူးဖောင်ဒေးရှင်းမှဆေး ၀ါးတချို့ အတွက်ကုန်ကျစရိတ်၊ အနီးအနားကျေးရွာများနှင့်ဝေးလံသောကျေးရွာများရှိ မျက်စိဝေဒ နာရှင်များနှင့် လူနာစောင့်များအတွက် နံနက်စာ၊နေ့လည်စာ၊ညစာများနှင့် ကြိုပို့ယာဉ်များ စီစဉ်ပေးခဲ့ပါသည်။ ထူးဖောင်ဒေးရှင်မှ ၄င်းအစီအစဉ်ဖြစ်မြောက်ရန်အတွက် ကုသိုလ်ပြု သုံးစွဲငွေကျပ်သိန်း (၄၀၀)ကျော်ရှိခဲ့ပါသည်။ ပူတာအိုခရိုင်ပြည်သူ့ဆေးရုံကြီးအတွက် သီတဂူ ဆရာတော်ကြီး မှ Oxygen Concentrator (၁)လုံး ၊ monitoring system (၁)လုံး၊ operating table (၂)လုံး ၊light source (၁)လုံး၊ ထူးဖောင်ဒေးရှင်း ဘက်မှဆေးရုံအတွက် လိုအပ်သောရေတွင်း(၁)တွင်း၊ ဒီဘီဘောက်စ်ပါဝင်သော မီးစက်ရုံ(၁)ခု၊လေအေးပေးစက်(၁) လုံး၊ဆေးရုံသုံး အိပ်ယာခင်း၊ခေါင်း အုံးနှင့်စောင်များ၊ဆေးကုသစဉ် ကာလအတွင်းလိုအပ်သောဆေးရုံမီးဆေးအတွက် လိုအပ်သောဆီ တို့ကို လှူဒါန်းခဲ့ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
0 Comments

Leave a reply

Your email address will not be published.

*

ဆက်သွယ်ရန်

သိရှိလိုသည်များ မေးမြန်းနိုင်ပါသည်။ အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးပါမည်။ ကျေးဇူးတင်ပါသည်။

Sending

Log in with your credentials

Forgot your details?