“ဒေါင်းရောဂါ လက္ခဏာ စု”ဆိုင်ရာ ပညာပေး သင်တန်းပိုချခြင်း

Want create site? Find Free WordPress Themes and plugins.

ထူးဖောင်ဒေးရှင်း၏ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းမှ မွန်ပြည်နယ်မော်လမြိုင်မြို့တွင် Down Syndrome Technical Support Training သင်တန်းကို (၂၇.၈.၂၀၁၁) ရက်နေ့မှ (၂၉.၈.၂၀၁၁) ရက်နေ့ထိကျင်းပပြုလုပ်ခဲ့ပါသည်။ ၄င်းသုံးရက်တာသင်တန်းကို မြန်မာနိုင်ငံကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်းမှ ၀န်ထမ်းများနှင့် အတူထူးဖောင်ဒေးရှင်းမှ ၀န်ထမ်းများ၊ မသန်စွမ်း ကလေးငယ်များ၏ မိဘများနှင့် သင်တန်းပို့ချသင်ကြားပေးမည့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် လူမှုရေးလုပ်သားများမှ လက်မှုပညာများကိုသင်ကြားပေးခြင်း၊ ၄င်းလက်မှုပညာရပ်များကို Down Syndrome ကလေးငယ်များအားပြန်လည် သင်ကြားပေးပုံနည်းစနစ်များ၊Down Syndrome  နှင့် ပတ်သတ်သောအသိပညာများကို လက်တွေ့ပတ်ဝန်းကျင် တွင် ပြန်လည်အသုံးချပုံ၊ မသန်စွမ်းမှုနှင့် သက်ဆိုင်သောအမြင်သစ်များကို သိရှိနားလည်စေရန် ဆွေးနွေးသင်ကြားမှုများ ပြုလုပ်ခဲ့ပါသည်။ထို့ပြင် သင်တန်းသား၊သင်တန်းသူများနှင့် သင်တန်းဆရာများ၊ဆရာမများမှ မသန်စွမ်းသူများ ရင်ဆိုင်ရလေ့ရှိသောအခက်အခဲများကို အချင်းချင်းဆွေးနွေးအားပေးခဲ့ကြပါသည်။ ဆက်လက်၍  Down Syndrome ကလေးငယ်များအား ပန်းချီရေးဆွဲစေခြင်း၊ဆေးရောင်ခြယ်စေခြင်း၊ သီချင်းများသီဆိုစေခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်စေခြင်း၊ စက္ကူရုပ်များခေါက်စေခြင်း၊ ၄င်းတို့၏ မိဘများ၊ ဆရာ/မများနှင့် ဆွေးနွေး၍ ၄င်းတို့၏အခက်အခဲများကို ကူညီဆွေးနွေး အကြံပေးမှုများဆောင် ရွက်ခဲ့ပါသည်။ ယခုကဲ့သို့ သင်တန်းများ ပို့ချပေးခြင်းဖြင့် မသန်စွမ်းသူများအားပြုစု ကုသမည့် နည်းလမ်းများကို သိရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် မသန်စွမ်းကလေးငယ်များ ဥာဏ်ရည်ပိုမိုဖွံ့ဖြိုးစေမည့် နည်းလမ်းများကို သိရှိပံ့ပိုးပေးနိုင်ခြင်းနှင့် မသန်စွမ်းသူများမှပြုလုပ်သည့် လက်မှုပစ္စ္စည်းများ ကိုဈေးကွက်သို့ တင်ပို့ရောင်းချနိုင်သည့် အခွင့်အလမ်းများရရှိအောင် လည်းဆောင်ရွက်ပေးနိုင် မည်ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
0 Comments

Leave a reply

Your email address will not be published.

*

ဆက်သွယ်ရန်

သိရှိလိုသည်များ မေးမြန်းနိုင်ပါသည်။ အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးပါမည်။ ကျေးဇူးတင်ပါသည်။

Sending

Log in with your credentials

Forgot your details?