COVID – 19 ကာကွယ်ထိန်းချုပ်ရေးအတွက် တာဝန်ထမ်းဆောင်ကြမည့် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား နေထိုင်ရေးနှင့် စားသောက်ရေး အဆင်ပြေစေရန် ထူးဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီသွားမည်ဖြစ်

Want create site? Find Free WordPress Themes and plugins.

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် ။ ။ ထူးလုပ်ငန်းစုမှ တည်ထောင်ထားသည့် လူထုအကျိုးပြု အဖွဲ့အစည်းဖြစ်သော ထူးဖောင်ဒေးရှင်းမှ ဦးစီးပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတစ်ဝှမ်းမှ ရန်ကုန်မြို့သို့ COVID – 19 လူနာများကို ကူညီကုသပေးရန် လာရောက်ကြသော ရှေ့တန်းမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ယခင် ကန်တော်ကြီးပဲလေစ့်ဟိုတယ်၊ အယောက် (၅၀) ဆံ့ အဆောက်အဉီးတွင် နေထိုင်နိုင်ရန်အတွက် ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်။

COVID – 19 ကို ပပျောက်စေရေး ဆောင်ရွက်ရာတွင် ထူးဖောင်ဒေးရှင်းမှ တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီသည့် အနေဖြင့် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ သက်သောင့်သက်သာ နေထိုင်နိုင်ရန် ယခင် ကန်တော်ကြီးပဲလေစ့်ဟိုတယ်၊ အယောက် (၅၀) ဆံ့ အဆောက်အဉီးတွင် စီစဉ်ထားလျက်ရှိပြီး နေ့စဉ် အစားအသောက် အပါအဝင် အခြားလိုအပ်သည့် အသုံးအဆောင်များ စီစဉ်ပေးသွားမည် ဖြစ်ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက အဆောက်အဦးအား လာရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ဆွေးနွေးခဲ့ကြသည့်အပြင် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ အောက်တိုဘာလ ၇ ရက်နေ့တွင် စတင် နေထိုင်နိုင်ရန် အပြီးသတ် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ၊ ၂၉ ရက် နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံတွင် COVID ရောဂါ ခံစားနေရသူ စုစုပေါင်း (၁၁,၆၃၁) ဦးနှင့် သေဆုံးသူ စုစုပေါင်း (၂၅၆) ဉီး ရှိပါသည်။ ထူးဖောင်ဒေးရှင်း အနေဖြင့် လက်ရှိတွင် COVID – 19 ခံစားနေရသည့် လူနာများအတွက် မိမိ ကိုယ်ကျိုးစွန့် အနစ်နာခံကာ ရှေ့တန်းမှ တိုက်ပွဲဝင်နေရသည့် ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများအား အထူး လေးစားကျေးဇူးတင်လျက်ရှိပါသည်။ ထို့ကြောင့် ရှေ့ဆက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ထုတ်ပြန်ထားသော စည်းကမ်းများကို လိုက်နာရင်း ကျန်းမာရေးဝန်ထမ်းများကို တတ်အားသရွေ့ကူညီပံ့ပိုးသွားမည် ဖြစ်ပါသည်။

 

Did you find apk for android? You can find new Free Android Games and apps.

ဆက်သွယ်ရန်

သိရှိလိုသည်များ မေးမြန်းနိုင်ပါသည်။ အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးပါမည်။ ကျေးဇူးတင်ပါသည်။

Sending

©2021 ထူးဖေါင်ဒေးရှင်း. မှတ်ပုံတင် ဆောင်ရွက်ပြီး.

or

Log in with your credentials

Forgot your details?