miss-universe-myanmar-2013

Want create site? Find Free WordPress Themes and plugins.

ထူးဖောင်ဒေးရှင်းမှ အဓိကပံ့ပိုးကူညီသော Miss Universe Myanmar 2013 ပြိုင်ပွဲအား ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ မယ်စကြာဝဠာ ၂၀၁၃ ပြိုင်ပွဲအား နှစ်ပေါင်း (၅၀)ကျော်အတွင်း မြန်မာနိုင်ငံက ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၆)ရက် ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့ ဟိုတယ်တွင် Miss Universe Myanmar 2013 Press Conference အခမ်းအနား ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ Hello Madam မီဒီယာအုပ်စုမှ ကြီးမှူးကျင်းပသော အဆိုပါ ပြိုင်ပွဲအား ထူးဖောင်ဒေးရှင်းမှ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်ပြီး ယဉ်ကျေးလိမ္မာတဲ့ မြန်မာအမျိုး သမီးများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကို နိုင်ငံတကာမှ သိရှိပြီးကမ္ဘာပေါ်တွင် မြန်မာဟု ဂုဏ်ယူဝင့်ကြွားနိုင်သော မြန်မာ့ဂုဏ်ဆောင် အမျိုးသမီးများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့်

အဓိကပံ့ပိုးကူညီခဲ့ ခြင်းဖြစ်ပါသည်။ ယခုပြိုင်ပွဲတွင် ရွေးချယ်ခံရသူအား ထူးဖောင်ဒေးရှင်း၏ လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေသော ပရဟိတ လုပ်ငန်းများတွင် ထူးဖောင်ဒေးရှင်း၏ သံတမန်အဖြစ် တစ်နှစ်တာ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့အပြင် ထူးဖောင်ဒေးရှင်းမှ ဆောင်ရွက်လျက်ရှိသော တိုင်းရင်းသား ညီအကိုများ၏ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်သော လုပ်ငန်းများတွင်ပါ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ၁၉၅၉ ခုနှစ် မယ်မြန်မာ၊ ၁၉၆၀ ခုနှစ် မယ်မြန်မာနှင့် ၁၉၆၁ ခုနှစ် မယ်မြန်မာတို့ Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ၂၀၁၃ နိုဝင်ဘာလတွင် ရုရှားနိုင်ငံ မော်စကိုတွင် ပြုလုပ်မည့် မယ်စကြာဝဠာ ပြိုင်ပွဲသို့ နှစ်ပေါင်း (၅၀)ကျော် အကြာတွင် ယခုကဲ့သို့ ပြန်လည် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
0 Comments

Leave a reply

Your email address will not be published.

*

ဆက်သွယ်ရန်

သိရှိလိုသည်များ မေးမြန်းနိုင်ပါသည်။ အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးပါမည်။ ကျေးဇူးတင်ပါသည်။

Sending

Log in with your credentials

Forgot your details?