၂၀၂၁ ခုနှစ်၊ နိုင်ငံတကာ ပညာရေးနေ့

Want create site? Find Free WordPress Themes and plugins.

“၂၀၂၁ ခုနှစ်၊ နိုင်ငံတကာ ပညာရေးနေ့”

နိုင်ငံတကာ ပညာရေးအဆင့် မြင့်မားပြီး ခိုင်မာတိုးတက်ဖွံ့ဖြိုးသော အနာဂတ်တွင် ပညာရေးကဏ္ဍ၏ အရေးကြီးပုံကို အသိအမှတ်ပြုရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်မှ စတင်၍ နှစ်စဉ် ဇန်နဝါရီလ ၂၄ ရက်နေ့ကို နိုင်ငံတကာ ပညာရေးနေ့ (International Day of Education) အဖြစ် သတ်မှတ်ကျင်းပခဲ့ကြသည်မှာ ယခုနှစ်တွင် ၃ နှစ် ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါသည်။
ထူးဖောင်ဒေးရှင်းမှ ယနေ့ ကျရောက်သော နိုင်ငံတကာ ပညာရေးနေ့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပြီး တောက်ပသော အနာဂတ်တွင် ကလေးငယ်လေးများ ပိုမိုကောင်းမွန်သော အဆင့်မြင့် ပညာရေးကို တက်လှမ်းနိုင်စေဖို့ ဆန္ဒပြုဆုတောင်းပါသည်။
ထူးဖောင်ဒေးရှင်း စတင် တည်ထောင်သည့် အချိန်မှစ၍ ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက်  တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပေးလျှက်ရှိပြီး အထူးအားဖြင့် ဝေးလံခေါင်းဖျားသော ဖွံ့ဖြိုးဆဲနေရာများရှိ ဒေသခံများ၏ ပညာရေးနှင့်လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ထူးဖောင်ဒေးရှင်းပညာဒါန (တက္ကသိုလ်ဝင်တန်း) ဘော်ဒါဆောင်ကို ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၁၂ ခုနှစ်က စတင် တည်ထောင်ခဲ့ရာ ဒေသခံကျောင်းသား စုစုပေါင်း (၃၀၀)ဦးခန့်ကို ပညာသင်ကြား ထောက်ပံ့မှုပေးနိုင်ခဲ့ပြီး အောက်ပါအတိုင်း နှစ်စဉ်အောင်ချက် ရာခိုင်နှုန်းများ တိုးတက်ခဲ့ပါသည်။
၂၀၁၂ – ၂၀၁၃ ပညာသင်နှစ် – ၂.၁၇%
၂၀၁၃ – ၂၀၁၄ ပညာသင်နှစ် – ၃၁.၆၃%
၂၀၁၄ – ၂၀၁၅ ပညာသင်နှစ် – ၈၃.၇၂%
၂၀၁၅ – ၂၀၁၆ ပညာသင်နှစ် – ၇၃.၀၄%
၂၀၁၆ – ၂၀၁၇ ပညာသင်နှစ် – ၈၆.၂၅%
၂၀၁၇ – ၂၀၁၈ ပညာသင်နှစ် – ၈၆.၉%
၂၀၁၈ – ၂၀၁၉ ပညာသင်နှစ် – ၈၁.၄၄%
၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် – ၇၄.၃၄%
ဆက်လက်၍လည်း နိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးဖောင်ဒေးရှင်းအနေနှင့် တတ်အားသရေွ့ ပါဝင်ကူညီ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
Did you find apk for android? You can find new Free Android Games and apps.
0 Comments

Leave a reply

Your email address will not be published.

*

CONTACT US

We're not around right now. But you can send us an email and we'll get back to you, asap.

Sending

Log in with your credentials

Forgot your details?