ထူးဖောင်ဒေးရှင်းနှင့် အဲပုဂံမှ အဓိက ပံ့ပိုးကူညီသော အာရှ-ပစိဖိတ် သက်ကြီးရွယ်အိုများညီလာခံ

Want create site? Find Free WordPress Themes and plugins.

ထူးဖောင်ဒေးရှင်း နှင့် အဲပုဂံတို့မှ အဓိကကူညီပံ့ပိုးပေးထားပြီး မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော အာရှ -ပစိဖိတ်သက်ကြီးရွယ်အိုများဆိုင်ရာ ညီလာခံကို ၂၀၁၂ခုနှစ်၊ မေလ(၈)ရက်နေ့ မှ(၁၁)ရက်နေ့အထိ ရန်ကုန်မြို့၊ ဆီးဒိုးနားဟိုတယ်တွင် လေးရက်ကြာ ကျင်းပခဲ့ပါသည်။ အဆိုပါညီလာခံသို့ နိုင်ငံပေါင်း (၂၉)နိုင်ငံမှ ကိုယ်စားလှယ်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ လက်ရှိအချိန်တွင်မြန်မာနိုင်ငံ လူဦးရေ သန်း(၆၀)ခန့်ရှိနေပြီး အသက်(၆၀)နှင့် အထက်သက်ကြီးရွယ်အိုဦးရေမှာ ၅ဒသမ၆၄သန်းခန့်ရှိနေပါသည်။ အချိုးအစားမှာ ၂၀၀၇ခုနှစ်က နိုင်ငံ့လူဦးရေ စုစုပေါင်း၏ ၈ ဒသမ ၇ရာခိုင်နှုန်း၊၂၀၁၀ ခုနှစ်တွင် ၉ ဒသမ ၁ရာခိုင်နှုန်း၊ ၂၀၁၂ခုနှစ်တွင် ၉ ဒသမ၁၀ရာခိုင်နှုန်း အထက်သို့ ရောက်ရှိလာကာ ၂၀၅၀ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်း အထက်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြသည်။ သက်ကြီးရွယ်အို ၅ ဒသမ ၆၄ သန်းခန့်အနက် (၁၀) ရာခိုင်နှုန်းဖြစ်သော (၅)သိန်းခန့်ရှိသော ဘိုးဘွားများ စောင့်ရှောက်ရန်လိုအပ်သောသူများဖြစ်ကြောင်း လူမှုဝန်ထမ်းကယ် ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရှိရပါသည်။

အဆိုပါညီလာခံတွင် သက်ကြီးရွယ်အိုနှင့် သက်ဆိုင်သောမူဝါဒများ၊နိုင်ငံတကာ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးနှင့် ပတ်သတ်သည့်နည်းစနစ်များ၊ စီမံကိန်းများရေး ဆွဲခြင်း၊ သုံးသပ်ခြင်းနှင့် နှီးနှောဖလှယ်ခြင်းများပြုလုပ်ခဲ့ကြသည်။ ထူးဖောင်ဒေးရှင်းအနေဖြင့်မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ လူမျိုးဘာသာမရွေး တိုင်းရင်းသားများ၏ အကျိုးကို လှူဒါန်းကူညီဆောင်ရွက်ပေးနေသည့် နည်းတူ သက်ကြီးရွယ်အို များအားစောင့်ရှောက် မှုပေးခြင်း၊ဆေးဝါးကုသမှုများပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ရန်ခြေလှမ်းသစ်စတင်သည့် အနေဖြင့်ယခုကဲ့သို့ ကူညီပံ့ပိုးခဲ့ခြင်းဖြစ်ပါသည်။ ညီလာခံကျင်းပနေစဉ် ကာလအတွင်းတည်းခိုရန် အခန်းများ၊ ညီလာခံကျင်းပရန် အစည်းအဝေးခန်းများ၊ သွားလာရေး လွယ်ကူစေရန် အတွက် ကြိုပို့ယာဉ်များစီစဉ်ပေးခဲ့ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
0 Comments

Leave a reply

Your email address will not be published.

*

ဆက်သွယ်ရန်

သိရှိလိုသည်များ မေးမြန်းနိုင်ပါသည်။ အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးပါမည်။ ကျေးဇူးတင်ပါသည်။

Sending

Log in with your credentials

Forgot your details?