ဒုတိယအကြိမ် သီတဂူ-ထူးဖောင်ဒေးရှင်း ကုသိုလ်ဖြစ်မျက်စိကုသပေးခြင်း

Want create site? Find Free WordPress Themes and plugins.

သီတဂူအပြည်ပြည်ဆိုင်ရာဗုဒ္ဓသာသနာပြုအဖွဲ့နှင့် ထူးဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ကုသိုလ်ဖြစ် မျက်စိကုသပေးခြင်းအစီအစဉ်ကို ကချင်ပြည်နယ် ပူတာအိုခရိုင် အတွင်း တွင် အောက်တိုဘာ ၁၅ ရက်နေ့မှ ၁၈ရက်နေ့ အထိခရိုင်ဆေးရုံ တွင် ပြုလုပ်ပေးခဲ့ ပါသည်။ ပူတာအိုခရိုင်အတွင်းရပ်ကွက်ကျေးရွာ(၂၅) ရွာရှိ မျက်စိဝေဒနာရှင် (၁၀၇၆) ဦးအား စမ်းသပ်ကုသပေးပြီး ခွဲစိတ်ကုသရန် လိုအပ် သည့်လူနာ (၁၄၈)ဦးအား ခွဲစိတ် ကုသပေးခဲ့ပါသည်။

သွားလာရန်ခက်ခဲသည့်တောင်ပေါ်ဒေသများမှ မျက်စိဝေဒနာရှင်များ လာရောက်ကုသရာတွင် အဆင်ပြေစေရန်အတွက် ထူးဖောင်ဒေးရှင်းမှ ကြိုပို့ယာဉ်များ စီစဉ် ဆောင်ရွက်ပေးခဲ့သည့်အပြင် စမ်းသပ်စစ်ဆေးနေစဉ်နှင့် ခွဲစိတ်ကုသစဉ် အတွင်း နေထိုင်စားသောက်ရေး အတွက်ကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ မျက်မှန်လိုအပ်သည့်ဝေဒနာရှင်များအတွက်လည်း ပါဝါမျက်မှန်များ စမ်းသပ်စစ်ဆေး လှူဒါန်းခြင်းနှင့်ခွဲစိတ်ပြီးလူနာများအတွက် နေကာမျက်မှန်များ လှူဒါန်း ပေးခဲ့ပါသည်။ လာရောက်ပြသကြသောလူနာများနှင့်လူနာရှင်များအားဒံပေါက်များဝေငှခြင်း၊ ပူတာအိုမြို့ပေါ်ရှိဘုန်းကြီးကျောင်း (၆)ကျောင်းနှင့်

သီလရှင်ကျောင်း(၁)ကျောင်းနှင့် church ကျောင်း (၅)ကျောင်းတို့အား ဆန်အိတ်တစ်အိတ်ကျစီလှူဒါန်းခြင်း၊ မချမ်းဘောမြို့နယ်နှင့် ပူတာအိုမြို့နယ်ရှိ ကျေးရွာ(၆)ရွာအတွက် ဆန်အိတ် (၁၀၀)ကိုလည်းလှူဒါန်းခြင်းတို့ကိုလည်းဆောင်ရွက်ခဲ့ပါသည်။ ပူတာအိုခရိုင်အတွင်း လာရောက်ကုသကြသော မျက်စိဝေဒနာရှင်များ အတွက်မျက်စိကုသခဲ့ခြင်း အထိမ်းအမှတ်အဖြစ် ပျိုးပင်တစ်ပင်စီကိုလည်း အမှတ်တရအဖြစ် မိမိတို့ကျေးရွာများတွင် စိုက်ပျိုးနိုင်ရန်အတွက် သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဥာဏိဿရ ၊ ထူးဖောင်ဒေးရှင်းနာယက ဦးဇော်မင်း၊ အဲပုဂံလီမိတက်မှမန်နေးဂျင်းဒါရိုက်တာ ဦးထူးသက်ထွေး နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းတို့မှ ကျေးရွာ ၊ရပ်ကွက် (၂၅) ခုအတွက် ပျိုးပင်ပေါင်း(၁၅၀၀) ကိုလှူဒါန်းပေးခဲ့ကြပါသည်။

(၁၇.၁၀.၂၀၁၂)ရက်နေ့တွင် ပူတာအိုမြို့အကျဉ်းထောင် သို့သွားရောက်၍ သီတဂူဆရာတော်ကြီးမှ တရားပေးခြင်း၊ ထူးဖောင်ဒေးရှင်းမှအကျဥ်းသားများအား ဒံပေါက်များဝေငှခြင်းနှင့်အလှူရှင်များမှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများဝေငှခြင်း များဆောင်ရွက်ခဲ့ကြပါသည်။ ယခုကဲ့သို့မျက်စိကုသခြင်းအစီအစဉ်အတွက် Htoo Trading Co.,ltd ၊ Air Bagan Ltd. ၊ AGD Bank Ltd. ၊ Elite Tech Group of Companies နှင့် ဧရာရွှေဝါကုမ္ပဏီတို့မှ ကျပ်သိန်း(၁၀၀) စီ ဖြင့် စုစုပေါင်း ကျပ်သိန်း(၅၀၀) လှူဒါန်းပေးခဲ့ကြသည့်အပြင် ၀န်ထမ်းမိသားစုများနှင့် အခြားပြင်ပ အလှူရှင်များမှ ငွေကြေးအလှူများဖြင့် ကုသိုလ်ပြုခဲ့ကြပါသည်။ ထို့ပြင် မျက်စိကုသပေးမှု အသွားအပြန် ခရီးစဉ် အတွက်လေယာဉ်လက်မှတ်များကိုအဲပုဂံမှလည်းကောင်း၊ ပူတာအိုတွင် ပွဲကျင်းပနေစဉ်ကာလအတွင်း တည်းခိုနေထိုင်ရေး၊ကျွေးမွေးရေးနှင့်သွားလာရေးအတွက် မလိခဟိုတယ်မှလည်းကောင်း ကူညီလှူဒါန်းပေးခဲ့ ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
0 Comments

Leave a reply

Your email address will not be published.

*

ဆက်သွယ်ရန်

သိရှိလိုသည်များ မေးမြန်းနိုင်ပါသည်။ အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးပါမည်။ ကျေးဇူးတင်ပါသည်။

Sending

Log in with your credentials

Forgot your details?