ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင် (ပူတာအို) မှကျောင်းသားကျောင်းသူများ၏လေ့လာရေး

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ အစဉ်အလာကောင်းများဖြင့် ရပ်တည်နေ သည့်ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင်ကို ဖွင့်လှစ်ထားခဲ့သည်မှာ ယခုပညာသင်နှစ်ဖြစ် သည့် (၂၀၁၃ – ၂၀၁၄)တွင်ပဉ္စမမြောက်နှစ် သို့ရောက်ရှိလာပြီဖြစ် ပါသည်။ နှစ်စဉ် တိုးတက်လာသည့်အောင်ချက်ရာခိုင်နှုန်းများကြောင့် ပူတာအိုခရိုင်၏ အားထားရသော ပညာ ဒါနဘော်ဒါဆောင် တစ်ခုလည်းဖြစ်ပါသည်။ (၂၀၁၂ -၂၀၁၃) ပညာသင်နှစ်တွင် အောင်ချက်ရာခိုင်နှုန်း (၄၅.၇၈%)ဖြင့်ပူတာအိုခရိုင်၏ ပညာရေးကဏ္ဏတွင် တစ်ဖက်တစ် လမ်းမှ နိုင်ငံတော်အတွက် ပံ့ပိုးပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ယခုပညာသင်နှစ်တွင် ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင် (ပူတာအို)၌ အနာဂတ်၏အသီးအပွင့်လေး များဖြစ်ကြသော ဒေသခံတက္ကသိုလ်ဝင်တန်းကျောင်းသားကျောင်းသူ (၁၂၇) ဦးတက်ရောက်ပညာ သင်ကြားလျက်ရှိပါသည်။

ပူတာအိုမြို့သည် မြစ်ကြီးနားမြို့မှ မိုင် (၂၀၀) ကျော်ခန့်သာဝေးသော်လည်း အကြောင်းအမျိုးမျိုးကြောင့်လမ်းပန်းဆက်သွယ်ရေး ခက်ခဲလျက်ရှိပြီး သယ်ယူပို့ဆောင်ရာနှင့် သွားလာရာတွင် လေယာဉ်ကိုသာ အားထားနေရပါသည်။ လေယာဉ်များ၏အရေးပါပုံ၊ ရဟတ်ယာဉ်များ၏အရေးပါပုံနှင့် အလုပ်လုပ်ဆောင်ပုံများ ၊ ဖွဲ့စည်းတည်ဆောက် ပုံများကို ဒေသခံများဖြစ်သည့် ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင်မှ ကျောင်းသား၊ကျောင်းသူများ သိရှိနိုင်စေရန်အတွက် ထူးဖောင်ဒေးရှင်း နာယက ဦးတေဇမှ လေ့ လာနိုင်စေရန်စီ စဉ်ပေးခဲ့ပါသည်။ ကျောင်းသားကျောင်းသူများမှာ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်သို့တက်ရောက်ပြီး လေယာဉ်မှူးများ နှင့် လေယာဉ်မယ်၏ ရှင်းလင်းပြသမှုများဖြင့် အသေးစိတ်လေ့လာခွင့်ရခဲ့ကြပါသည်။ ထို့ပြင် ရဟတ်ယာဉ်မှူးများမှလည်း ရဟတ်ယာဉ်တစ်စင်း၏ဖွဲ့စည်းတည်ဆောက်ပုံများ ၊အလုပ်လုပ်ပုံများကိုကျောင်းသားကျောင်းသူများ ရှင်းလင်းစွာသိရှိနိုင်စေရန်အတွက် အသေးစိတ်ရှင်းလင်းပြောပြပေးကြပါသည် ။

လေ့လာပျော်ရွှင်နေကြသည့်ပညာဒါနဘော်ဒါဆောင်မှကျောင်းသားကျောင်းသူများနှင့် ဆရာ၊ဆရာမများ ကို မမောမပန်းရှင်းလင်း ပြောပြပေးနေကြသော ပရိုက်ဗိတ်ဂျက်လေ ယာဉ်မှူးများ နှင့် လေယာဉ်မယ် မဝတ်ရည်သင်း ၊ရဟတ်ယာဉ်မှူးများ၊ ဝန်ထမ်းများအားလုံးကို လည်း ထူးဖောင်ဒေးရှင်းမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။ ထူးဖောင်ဒေးရှင်း အနေဖြင့် ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင် (ပူတာအို) မှ နှစ်စဉ် တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသောကျောင်းသားကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ခြင်း အစီအစဉ်ဖြင့် အဆင့်မြင့်ပညာသင်ကြားနိုင်စေရန်အတွက်လည်း ဆက်လက်ထောက်ပံ့ပေးလျက်ရှိပါသည်။ အဆင့်မြင့်ပညာသင်ကြားပြီးနောက် ဆက်လက်ထူးချွန်ပါက လည်း နိုင်ငံရပ်ခြားပညာသင်ထောက်ပံ့ခြင်းအစီအစဉ်ဖြင့်ဆက်လက်ထောက်ပံ့ပေးနိုင်ရန်စီစဉ်ထားရှိပါသည်။

Did you find apk for android? You can find new Free Android Games and apps.
0 Comments

Leave a reply

Your email address will not be published.

*

ဆက်သွယ်ရန်

သိရှိလိုသည်များ မေးမြန်းနိုင်ပါသည်။ အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးပါမည်။ ကျေးဇူးတင်ပါသည်။

Sending

Log in with your credentials

Forgot your details?