ထူးဖောင်ဒေးရှင်းနှင့် Bagan Entertainment တို့ မှပူးပေါင်းကျင်းပသော Air Supply Live In Myanmar တေးဂီတဖျော်ဖြေပွဲအား ၂၀၁၃ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့က မရမ်းကုန်းမြို့နယ် MCC ခန်းမ၌အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ Air Supply နှင့်အတူ Iron Cross တေးဂီတ အဖွဲ့ မှလည်း အဆိုတော်များဖြစ်ကြသည့် လေးဖြူ ၊ အငဲ၊ မျိုးကြီး ၊ဝိုင်ဝိုင်း တို့ဖြင့် ဖျော်ဖြေခဲ့ကြပါသည်။ ဖျော်ဖြေပြီးနောက် Air Supply အဖွဲ့မှ “Thank You Chairman where ever you are ” ဟုနှုတ်ဆက်သွားခဲ့ပါသည်။ Air Supply Live In Myanmar တေးဂီတဖျော်ဖြေပွဲဖြစ်မြောက်ရေး အတွက် ကူညီပေးခဲ့ကြသော Air Bagan Ltd., AGD Bank Ltd., Kandawgyi Palace Hotal, Aureum Palace Hotel, Myanmar Treasure Hotel, Asian Wings Airways, First National Insurance, Asia Pioneer Impex, MCS, Apex Petroleum နှင့် FM Bagan တို့ အားအထူး ကျေးဇူးတင်ရှိပါကြောင်းနှင့် ထူးဖောင်ဒေးရှင်းအနေဖြင့် ဖျော်ဖြေပွဲမှရရှိသည့်ဝင်ငွေအားလုံးကို မြန်မာနိုင်ငံအတွင်းရှိဝေးလံခေါင် ပါးသော ဒေသများမှကလေးသူငယ်များ၏ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ပါ သည်။
Air Supply Live In Myanmar
ဆက်သွယ်ရန် +၉၅ ၁ ၆၅၅၂၇၂ info@htoofoundation.org
-
ပြေးခုန်ပစ် အားကစားအောင်မြင်ရန်အတွက် ယူဒါန်းခြင်း
, , ပံ့ပိုးကူညီမှုများ, 0
(၂၀၁၃) ခုနှစ်၊ ဒီဇင်ဘာလတွင် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကိုမြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါအရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင်ဝင်ရောက် ယှဉ်ပြိုင်မည့်ပြေးခုန်ပစ် အားကစားအောင်နိုင်ရေး အတွက် အဘက်ဘက်တွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက်ထောက် ပံ့ငွေပေးအပ်ခြင်း...
-
ကချင်တိုင်းရင်းသားများသို့ လှူဒါန်ခြင်း
, , ပံ့ပိုးကူညီမှုများ, 0
ထူးဖောင်ဒေးရှင်းသည် နယ်မြေလုံခြုံရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော ကချင်တိုင်းရင်းသားအိမ်ထောင်စုများနှင့် ကျောင်းသား၊ကျောင်းသူများအတွက်ကျောင်း သုံးပစ္စည်း၊ အ၀တ်အထည် ၊ဆေးဝါး၊အစားအသောက်နှင့် တာပေါ်လင်စများကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်က သွားရောက်လှူဒါန်းခဲ့ရာ ကချင်ပြည်နယ်၊ ပညာရေးနှင့် လူမှုရေးဝန်ကြီးဌာန ၀န်ကြီးမှ...
-
ထူးဖောင်ဒေးရှင်း ကျန်းမာရေးဝန်ထမ်းများ စင်တာသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လာရောက်ကြည့်ရှု
, , ပံ့ပိုးကူညီမႈမ်ား, သတင္းမ်ား, ကိုဗစ်၁၉, ထူး, ထူးဖောင်ဒေးရှင်း, အလှူဒါန, 0
COVID – 19 ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအတွက် တာဝန်ထမ်းဆောင်မည့် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်စားသောက်မှု အဆင်ပြေစေရန် ရည်ရွယ်၍ လက်ရှိ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် “ထူးဖောင်ဒေးရှင်း ကျန်းမာရေးဝန်ထမ်းများ စင်တာ (HTOO Foundation...
-
ထူးဖောင်ဒေးရှင်းနှင့် ကြိမ်ချောင်းကြီးစံပြကျေးရွာ၏ ကထိန်အလှူတော
, , ပံ့ပိုးကူညီမှုများ, 0
နာဂစ်မုန်တိုင်းဒဏ်ကြောင့် ရွာလုံးကျွတ်နီးပါးပျက်စီးခဲ့သည့် အတွက်ထူးဖောင်ဒေးရှင်းမှ ပြန်လည်တည်ဆောက်လှူဒါန်းပေးခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးစံပြကျေးရွာ၏ (၂၆)ကြိမ်မြောက် ကထိန်အလှူတော်မင်္ဂလာကို (၂၃.၁၁.၂၀၁၂) ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ (၂၂.၁၁.၂၀၁၂) ရက်နေ့ညတွင် ကထိန်ကကြိုအဖြစ် ဆိုင်းဝိုင်းဖြင့် ညလုံးပေါက်...
-
ထူးဖောင်ဒေးရှင်း၏ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက်လိုအပ်ချက်အလှူ
, , ပံ့ပိုးကူညီမှုများ, 0
ထူးဖောင်ဒေးရှင်းသည် ကချင်ပြည်နယ်ငြိမ်းချမ်းရေးဆောင်ရွက်နေစဉ်အတွင်းနည်းလမ်းများစွာဖြင့် ငြိမ်းချမ်းရေးလိုလားသူများအတွက် ကူညီဆောင် ရွက်ပေးလေ့ရှိပါသည်။ ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင်စစ်ဘေးတိမ်းရှောင်နေကြသော ဒုက္ခသည်များအတွက်စားနပ် ရိက္ခာပြည့်စုံနေစေရန် အတွက်ကိုလည်း ထူးဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီခဲ့ပါသည်။မြစ်ကြီးနားမြို့ရှိ ဝန်းသိုဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်ဒုက္ခသည် စခန်းအတွက် ဆန်အိတ် (၅၀)၊ ဂျမိုင်ကောင်း စစ်ဘေးရှောင်စခန်းအတွက်...
-
မသန်စွမ်းအမျိုးသမီးများ၏ အလှစွမ်းရည်ပြိုင်ပွဲ
, , ပံ့ပိုးကူညီမှုများ, 0
မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းကြီး(ရန်ကုန်)နှင့် ထူးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ Miss Empowered Handicapped Queen Contest ,2011 ပြိုင်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ၊ ကန်တော်ကြီး Utopia တွင်ကျင်းပပြုလုပ်ခဲ့ပါ သည်။ အဆိုပါအခမ်းအနား တစ်ခုလုံး၏ကုန်ကျ စရိတ်စုစုပေါင်း...
-
ရွှေဘိုငလျင်ဘေးအတွက်ဆန်အလှူ
, , ပံ့ပိုးကူညီမှုများ, 0
ထူးဖောင်ဒေးရှင်းမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ငလျင်ဘေးသင့် ပြည်သူများအတွက် ဆန်အိတ်(၁၀၀)လှူဒါန်းခြင်းအခမ်းအနားကို (၂၄.၁.၂၀၁၃)ရက်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်းမဆောင်၌ကျင်းပခဲ့ပါသည်။ အဆိုပါထူးဖောင်ဒေးရှင်းမှ လှူဒါန်းသော ဆန်အိတ် (၁၀၀) အားဦးကျော်စိုးမင်း(ဒုတိယ တိုင်းသမ၀ါယမဦးစီးမှူး)မှလက်ခံရယူခဲ့ပြီး၊ ထူးဖောင်ဒေးရှင်းမှ လှူဒါန်းရခြင်းအကြောင်းရှင်းလင်းတင်ပြ၍ ခရိုင်အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။...
-
ထူးဖောင်ဒေးရှင်းနှင့် အင်ပါယာတေးဂီတဖျော်ဖြေပွဲ
, , ပံ့ပိုးကူညီမှုများ, 0
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မြို့ပေါ်နှင့်ကျေးရွာ အိမ်ထောင်စုများထံသို့ ထူးဖောင်ဒေးရှင်း၏ နှစ်စဉ်လှူဒါန်းမြဲဖြစ်သောထောက်ပံ့ကြေးများ၊ ဆေးဝါးပစ္စည်းများနှင့် စာရေးကိရိယာများ လှူဒါန်းခြင်းကို ၂၀၁၂ ခုနှစ်၊ဧပြီလ (၈)ရက်နေ့တွင် ထူးဖောင်ဒေးရှင်း နာယကဦးတေဇကိုယ်တိုင် ဒေသခံတိုင်းရင်းသားရွာသူ၊ ရွာသားများ နှင့် တွေ့ဆုံပွဲကျင်းပ၍ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့ပြင် ရဟတ်ယာဉ်...
Recent Posts
- World Food Day 2020 – Grow, Nourish, Sustain, Together
- HTOO Foundation Lodge တွင် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ကျန်းမာရေး ဝန်ထမ်းများ စတင်နေထိုင်
- HTOO Foundation Lodge တွင် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ကျန်းမာရေး ဝန်ထမ်းများ စတင်နေထိုင်
- ထူးဖောင်ဒေးရှင်း ကျန်းမာရေးဝန်ထမ်းများ စင်တာသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လာရောက်ကြည့်ရှု
- COVID – 19 ကာကွယ်ထိန်းချုပ်ရေးအတွက် တာဝန်ထမ်းဆောင်ကြမည့် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား နေထိုင်ရေးနှင့် စားသောက်ရေး အဆင်ပြေစေရန် ထူးဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီသွားမည်ဖြစ်