HTOO Foundation Lodge တွင် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ ကျန်းမာရေး ဝန်ထမ်းများ စတင်နေထိုင်

Want create site? Find Free WordPress Themes and plugins.

COVID – 19 ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအတွက် တာဝန်ထမ်းဆောင်မည့် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန် HTOO Foundation Lodge အား ယခင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် စတင် အသုံးပြုနိုင်ရန် ရည်ရွယ်ထားသော်လည်း လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကို မြန်ဆန်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ယနေ့ (၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်) မှ စတင်ကာ ကျန်းမာရေးဝန်ထမ်းများ နေထိုင်လျက်ရှိပြီ ဖြစ်ပါသည်။ ကျန်းမာရေးဝန်ထမ်းများအတွက် နေ့စဉ် အစားအသောက်၊ သွားလာဆက်သွယ်ရေးနှင့် အခြား အထွေထွေ လိုအပ်ချက်များကို ထူးဖောင်ဒေးရှင်းမှ အလုံးစုံ ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ ထူးဖောင်ဒေးရှင်းအနေဖြင့် COVID – 19 တိုက်ဖျက်ရေးနှင့် လူနာများ၏အသက်ကို ကယ်တင်နိုင်ရန် စွမ်းစွမ်းတမံ ကြိုးပမ်းလျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား အထူး ကျေးဇူးတင်ရှိပါသည်။

 

Did you find apk for android? You can find new Free Android Games and apps.
0 Comments

Leave a reply

Your email address will not be published.

*

ဆက်သွယ်ရန်

သိရှိလိုသည်များ မေးမြန်းနိုင်ပါသည်။ အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးပါမည်။ ကျေးဇူးတင်ပါသည်။

Sending

Log in with your credentials

Forgot your details?