Miss Universe Myanmar 2013 သတင်းစာရှင်းလင်းပွဲ

Want create site? Find Free WordPress Themes and plugins.

Miss Universe 2013 ပြိုင်ပွဲအား ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါ ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန် Miss Universe Myanmar ပြိုင်ပွဲကို Hello Madam မီဒီယာအုပ်စုမှကြီးမှူးကျင်းပပြီး ပြိုင်ပွဲအစအဆုံး အား Htoo Foundation မှ အဓိကပံ့ပိုးကူညီပေးထားပါသည်။

မယ်စကြာဝဠာ ၂၀၁၃ ပြိုင်ပွဲအား နှစ်ပေါင်း (၅၀)ကျော် အတွင်းမြန်မာနိုင်ငံ က ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၆)ရက် ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့ ဟိုတယ်တွင် Miss Universe Myanmar 2013 Press Conference အခမ်းအနား ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ Hello Madam မီဒီယာအုပ်စုမှ ကြီးမှူးကျင်းပသောအဆိုပါ ပြိုင်ပွဲအားထူးဖောင်ဒေးရှင်းမှ နိုင်ငံတော်အတွက်ထူးချွန်ထက်မြက်ပြီး ယဉ်ကျေးလိမ္မာတဲ့ မြန်မာအမျိုးသမီးများပေါ်ထွက်လာစေရန်နှင့် မြန်မာ့ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကိုနိုင်ငံတကာမှသိရှိပြီးကမ္ဘာပေါ်တွင် မြန်မာဟုဂုဏ်ယူဝင့်ကြွားနိုင်သော မြန်မာ့ဂုဏ်ဆောင် အမျိုးသမီးများပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့်အဓိကပံ့ပိုးကူညီခဲ့ခြင်းဖြစ်ပါသည်။ ယခုပြိုင်ပွဲတွင်ရွေးချယ်ခံရသူအားထူးဖောင်ဒေးရှင်း၏ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသောပရဟိတလုပ်ငန်းများတွင် ထူးဖောင်ဒေးရှင်း၏ သံတမန်အဖြစ်တစ်နှစ်တာ ပူးပေါင်းလက်တွဲဆာင်ရွက်သွားမည်ဖြစ်ပါသည်။။ ထို့အပြင်ထူးဖောင်ဒေးရှင်းမှဆောင်ရွက်လျက်ရှိသော တိုင်းရင်းသားညီအကိုများ၏ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်သော လုပ်ငန်းများတွင်ပါပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ၁၉၅၉ ခုနှစ်မယ်မြန်မာ၊ ၁၉၆၀ ခုနှစ်မယ်မြန်မာနှင့် ၁၉၆၁ ခုနှစ် မယ်မြန်မာတို့ Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ၂၀၁၃ နိုဝင်ဘာလတွင် ရုရှားနိုင်ငံမော်စကိုတွင်ပြုလုပ်မည့် မယ်စကြာဝဠာပြိုင်ပွဲသို့ နှစ်ပေါင်း (၅၀)ကျော်အကြာတွင် ယခုကဲ့သို့ ပြန်လည် ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါသည်။

ပြိုင်ပွဲအတွက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ့် မယ်ရွေးပွဲအတွက်လူတွေ့စစ်ဆေးမှုကို စက်တင်ဘာလ (၁၂) ရက်နေ့တွင်ပြုလုပ်မည်ဖြစ်ပါသည်။ စက်တင်ဘာ ၂၆ ရက်မှ ၃၀ ရက်နေ့အတွင်း ပမာဏရွးချယ်ထားသည့် မယ်များသည်လူမှုရေးလုပ်ငန်းများအား လည့်လည်ဆောင်ရွက်ကြမှာဖြစ်ပါသည်။ ၁.၁၀.၂၀၁၃ နဲ့ ၂.၁၀.၂၀၁၃ တို့တွင် အစမ်းလေ့ကျင့်ခြင်းကိုဆောင်ရွက်ကြမည်ဖြစ်ပြီး ၃.၁၀.၂၀၁၃ ရက်နေ့အမျိုးသား ကဇာတ်ရုံတွင် နောက်ဆုံးဇကာတင်လူရွေးပွဲကို ပြုလုပ်မှာဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
0 Comments

Leave a reply

Your email address will not be published.

*

ဆက်သွယ်ရန်

သိရှိလိုသည်များ မေးမြန်းနိုင်ပါသည်။ အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးပါမည်။ ကျေးဇူးတင်ပါသည်။

Sending

Log in with your credentials

Forgot your details?