ထူးဖောင်ဒေးရှင်း၏ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက်လိုအပ်ချက်အလှူ

Want create site? Find Free WordPress Themes and plugins.

ထူးဖောင်ဒေးရှင်းသည် ကချင်ပြည်နယ်ငြိမ်းချမ်းရေးဆောင်ရွက်နေစဉ်အတွင်းနည်းလမ်းများစွာဖြင့် ငြိမ်းချမ်းရေးလိုလားသူများအတွက် ကူညီဆောင် ရွက်ပေးလေ့ရှိပါသည်။ ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင်စစ်ဘေးတိမ်းရှောင်နေကြသော ဒုက္ခသည်များအတွက်စားနပ် ရိက္ခာပြည့်စုံနေစေရန် အတွက်ကိုလည်း ထူးဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီခဲ့ပါသည်။မြစ်ကြီးနားမြို့ရှိ ဝန်းသိုဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်ဒုက္ခသည် စခန်းအတွက် ဆန်အိတ် (၅၀)၊ ဂျမိုင်ကောင်း စစ်ဘေးရှောင်စခန်းအတွက် ဆန်အိတ် (၁၀၀) ၊ရေတွင်း (၂) တွင်း၊ စခန်းရှိပညာသင်ကြားနေကြသော ကလေးများအတွက်ကျောင်းဝတ်စုံ အစုံ (၈၀)၊ ဆရာများအတွက်ဝတ်စုံ (၅)စုံ ၊ နန်းကွေ့ (စိန့်ယောဟန်)စခန်းအတွက် အလှူငွေ သိန်း(၅၀) နှင့် ဆန်အိတ် (၁၀၀)တို့ကိုလှူဒါန်းပေးခဲ့ပါသည်။

ထို့ပြင်ဖားကန့်မြို့ရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းအတွက်လည်း ဆန်အိတ် (၃၀၀) နှင့် ဗန်းမော်မြို့ရှိဒုက္ခသည်စခန်း(၃) ခုဖြစ်သည့် သက္ကရာဇ် (၂၀၀၀)စခန်း ၊ရောဘတ်ကျောင်း စခန်းနှင့် တံခွန်တိုင်စခန်းတို့ တွင်လည်းဆန်နှင့် ထောက်ပံ့ငွေတို့ကို လှူဒါန်းပေးခဲ့ပါသည်။ ထို့ပြင် ဗုဒ္ဓဘာသာဝင်များအလေးအနက်ထားရာ မိုးညှင်းမြို့ရှိ အင်းတော်ကြီးရွှေမဉ္ဇူဘုရားကြီး အဝင်လမ်းတစ်လျောက် လမ်းခင်းနိုင်ရန်အတွက်လည်း ကျပ်သိန်း (၁၂၀၀) ကိုမတည်လှူဒါန်းပေးခဲ့ပါသေးသည်။ မိုးညှင်းမြို့နယ်အတွင်းတွင် မှီတင်းနေထိုင်ကြသောကချင်နှင့် ရှမ်းလူမျိုးတို့၏ ယဉ်ကျေးမှုထိန်းသိမ်းရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်လည်း ကျပ်သိန်း(၅၀) စီကိုလည်းလှူဒါန်းခဲ့ပါသေးသည်။

ထူးဖောင်ဒေးရှင်းအနေဖြင့် ယခုအကြိမ် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးအလှူအတွက် စုစုပေါင်းငွေကျပ် သိန်း (၂၀၀၀) ကျော်ကိုလှူဒါန်းပေးခဲ့ပြီးဖြစ် ပါသည်။ ထူးဖောင်ဒေးရှင်း အနေဖြင့်ငြိမ်းချမ်းရေးရရှိရန် လိုအပ်သည့်ဒေသများတွင် ယခုကဲ့သို့တစ် ဘက်တစ်လမ်းမှ လှူဒါန်းခွင့်ရရှိခဲ့သည့် အတွက်ဝမ်းမြောက် ပါကြောင်းနှင့် ငြိမ်းချမ်းရေး လိုအပ်သည့်  ဒေသများတွင် လှူဒါန်းမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
0 Comments

Leave a reply

Your email address will not be published.

*

ဆက်သွယ်ရန်

သိရှိလိုသည်များ မေးမြန်းနိုင်ပါသည်။ အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးပါမည်။ ကျေးဇူးတင်ပါသည်။

Sending

Log in with your credentials

Forgot your details?